ဈေးဝယ်နည်း


ဈေးဝယ်ပုံ အဆင့်ဆင့်
dinidon အွန်လိုင်းကုန်တိုက်ဟာ အွန်လိုင်း နဲ့ အော့ဖ်လိုင်းတွေမှာ၂၄နာရီအချိန်ပြည့် ၀န်ဆောင်မှုပေးနေပါတယ်။ လူကြီးမင်းတို့အနေနဲ့ ပစ္စည်းတွေကို အဆင့်အနည်းငယ်ပြုလုပ်ရုံဖြင့် ၀ယ်ယူနိုင်ပြီဖြစ်ပါတယ်။
 
အကြိုက်ဆုံးပစ္စည်းကိုရွေးပါ=> ဈေးဝယ်လှည်းသို့ထည့်ပါ=> ပစ္စည်းပို့ပေးနိုင်ဖို့ အခြေခံအချက်အလက်များကိုဖြည့်ပါ=> ငွေပေးချေစနစ်ကိုရွေးပါ=> ငွေးပေးချေမှုကို အတည်ပြုပါ=> အော်ဒါမှာလို့ပြီးပါပြီ
 
အသိပေးချက်:     ကျွန်တော်တို့ ပစ္စည်းပို့ပေးနိုင်ဖို့ ကျေးဇူးပြုပြီး အချက်အလက်တွေကိုပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပေးပါ။
အော်ဒါမှာလို့ ပြီးပါပြီ။
 
အော်ဒါအခြေအနေ စစ်ဆေးခြင်း
Member Login ထဲသို့ဝင်ပါ။ ပြီးရင်တော့ “အော်ဒါအခြေအနေ စစ်ဆေးခြင်း” ကို ကလစ်တစ်ချက် နှိပ်လိုက်ပါ။ အဲဒီမှာ လူကြီးမင်းတို့ အော်ဒါမှာထားတဲ့ ပစ္စည်းအခြေအနေဘယ်လိုရှိတယ်ဆိုတာ ပေါ်လာပါလိမ့်မယ်။
 
ငွေပေးချေစနစ်
အခုအချိန်မှာ dinidon သည် KBZ နဲ့ CB ဘဏ်တို့ရဲ့ ATM တွေကနေတဆင့် ငွေလက်ခံပါတယ်။ ဒါ့အပြင် WeChat Payment, Alipay, OK$ dollar နဲ့အခြားသောငွေပေးချေစနစ်တွေကိုလည်း အသုံးပြုပါတယ်။ လူကြီးမင်းတို့မှာ ငွေပေးချေစနစ်နဲ့ ပတ်သက်ပြီး အခက်အခဲရှိရင် ကျွန်တော်တို့ကိုဆက်သွယ်ပြီး လိုအပ်သည်များကို မေးမြန်းနိုင်ပါတယ်။
 
အော်ဒါပစ္စည်းပို့ပေးခြင်း လုပ်ငန်းစဉ်
 ၁။ ကုန်ပစ္စည်းပို့ပေးတာနဲ့ပတ်သက်လို့ ပို့ပေးပုံအဆင့်ဆင့်နဲ့ ပို့ပေးနည်းများ
ပစ္စည်းမှာယူပြီးလို့ ငွေလည်းပေးချေပြီးရင် အဲ့ဒီပစ္စည်းတွေကို လူကြီးမင်းတို့ပေးထားတဲ့ နေရပ်လိပ်စာဆီကို (၂) ရက်ကနေ (၇) ရက်အတွင်း ပို့ပေးမှာဖြစ်ပါတယ်။ (ရုံးပိတ်ရက်များမပါဝင်ပါ)
၂။ ပစ္စည်းများ မပျက်စီးစေရန် ကျွန်တော်တို့အနေနဲ့ စနစ်တကျထုပ်ပိုးပေးမှာဖြစ်ပါတယ်။ လူကြီးမင်းတို့အနေနဲ့ ပစ္စည်းရောက်လာရင် ချက်ချင်းဖွင့်ကြည့်ပြီး ပျက်စီးမှားယွင်းခြင်းရှိမရှိ စစ်ဆေးစေလိုပါတယ်။
၃။ အချိန်မှီပစ္စည်းမပို့ပေးနိုင်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ လူကြီးမင်းတို့ (၀ယ်ယူသူ) တွေကိုအကြောင်းကြားပေးပါမယ်။ အဲဒီအတွက် ခွင့်လွှတ်နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
၎။ ပစ္စည်းပို့တဲ့နေ့မှာ လူကြီးမင်းဘက်မှ ပစ္စည်းလက်ခံမည့်နေရာမှာ မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ပစ္စည်းပို့ပေးသူက နောက်တစ်ကြိမ် ပြန်လည်ပြီးဆက်သွယ်လာပါမယ်။
၅။ လူကြီးမင်းတို့ဘက်ကနေပြီး ၇ ရက်အတွင်းမိမိပစ္စည်းကို လက်မခံနိုင်ဘူးဆိုရင် ပစ္စည်းအော်ဒါကို ပယ်ဖျက်မှာဖြစ်ပါတယ်။
၆။ ပစ္စည်းကိုမိမိလက်ထဲသို့ အချိန်မှီပို့ပေးနိုင်ဖို့ လူကြီးမင်းတို့အနေနဲ့ ပစ္စည်းလက်ခံမယ့်နေရာကို မှန်ကန်စွာ ဖြည့်စွက်ပေးပါ။
 
ပစ္စည်းပို့ခ
မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်အရပ်မှ ၀ယ်ယူသူများအနေနဲ့ ပစ္စည်းတန်ဖိုး တစ်သိန်းကျပ် (၁၀၀,၀၀၀ ကျပ်) အောက် ၀ယ်ယူတယ်ဆိုရင် ပစ္စည်းပို့ခ နှစ်ထောင့်ငါးရာကျပ် (၂,၅၀၀)ကျပ် ကျသင့်ပါတယ်။
မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်အရပ်မှ ၀ယ်ယူသူတွေအနေနဲ့ ပစ္စည်းတန်ဖိုး တစ်သိန်းကျပ် (၁၀၀,၀၀၀ကျပ်) နဲ့အထက် ၀ယ်ယူတယ်ဆိုရင် ပစ္စည်းပို့ခ အခမဲ့ ဖြစ်ပါတယ်။


အော်ဒါ ပြန်ဖျက်ခြင်း
လူကြီးမင်းတို့အနေနဲ့ လုပ်ထားတဲ့အော်ဒါတွေကို ပြန်ဖျက်ချင်တယ် ပစ္စည်းမ၀ယ်တော့ဘူးဆိုရင် Member login ထဲအရင်ဝင်ပါ။ ပြီးရင် “အော်ဒါအခြေအနေ စစ်ဆေးမယ်” ကို ကလစ်နှိပ်လိုက်ပါ။ အဲဒီထဲဝင်ပြီးရင်တော့ လူကြီးမင်းတို့ ပယ်ဖျက်ချင်တဲ့အော်ဒါကို ပယ်ဖျက်လို့ရပါပြီ။
 
လူကြီးမင်းတို့အနေနဲ့ အော်ဒါမှာထားတဲ့ပစ္စည်းကို ငွေမပေးချေရသေးဘူးဆိုရင် အချိန်မရွေး cancel လုပ်နိုင်ပါတယ်။ ငွေပေးချေပြီးသားအော်ဒါကို ပယ်ဖျက်ချင်တယ်ဆိုရင်တော့ dinidon ကို “Contact us” မှာ တိုက်ရိုက်ဆက်သွယ်ပြီး အသိပေးရပါမယ်။ တကယ်လို့ ပစ္စည်းက လူကြီးမင်းတို့လက်ထက်ရောက်မှ မယူတော့ဘူးဆိုရင်တော့ ၇ ရက်အတွင်းလုပ်ရပါမယ်။