Terms of Service


dinidon Online Shopping အဖွဲ့ဝင်များ သိရှိရန်လိုအပ်ချက်နှင့် သဘောတူညီချက် ပြဋ္ဌာန်းချက်


dinidon Online Shopping အသုံးပြုသူများ လိုက်နာရမယ့် အချက်များ

အောက်ပါ ဖော်ပြထားတဲ့ အချက်တွေကတော့ dinidon Online Shopping ကိုအသုံးပြုတဲ့ လူကြီးမင်းများ ဖတ်ကြားပြီးဖြစ်ကြောင်းနဲ့ သဘောတူလက်ခံကြောင်း ဖြစ်ရပါမည်။
 
၁။  အဖွဲ့ဝင်များ မှတ်ပုံတင်ခြင်းနှင့် စာရင်းအမှတ် လုံခြုံမှု

(၁)  လူကြီးမင်းသည် dinidon Online Shopping အဖွဲ့ဝင် လျှောက်ထားဝင်ရောက်သည့်အခါ တိကျမှန်ကန်သည့် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ထားရပါမည်။ လူကြီးမင်း၏ ဖြည့်စွက်ခဲ့သည့် အချက်အလက်များကို အသစ်ပြောင်းလဲရန် လိုအပ်လျှင် အချိန်မှီ ပြန်လည် ပြုပြင်ပြောင်းလဲရန် တိုက်တွန်းအပ်ပါသည်။ အကယ်၍ သင်သည် မှားယွင်းသည့်အချက်အလက်များကိုဖြည့်စွက်ထားပါက မမှန်ကန်သည့် အချက်အလက်၊ အချိန်မှီ အသစ်မပြောင်းလဲသေးသည့် အချက်အလက်၊ ကျန်နေပြီး မပြည့်စုံပဲ လိုအပ်သည့်အချက်အလက်၊ သူတစ်ပါးအမည်မူပိုင်ခွင့်နှင့် ဉာဏ်ပညာမူပိုင်ခွင့် (သို့မဟုတ်) အခြားသော ဥပဒေသတ်မှတ်ချက် ဖောက်ဖျက်သည့်အခါ dinidon Online Shopping မှ သင့်အား အဖွင့်ဝင်မှ ရပ်စဲပယ်ထုတ်ပြီး သင်သည် ဤ၀န်ဆောင်မှုအား အသုံးပြုခြင်းကို ငြင်းပယ်ခံရမည်ဖြစ်ပါသည်။
 
 
(၂) လူကြီးမင်းတို့သည် dinidon Online Shopping ၀က်ဘ်ဆိုဒ်ထဲသို့ Login လုပ်ပြီး ပြုလုပ်သောအရာမှန်သမျှသည် လူကြီးမင်းတို့နဲ့သာ သက်ဆိုင်ပါသည်။ ဥပမာ - ပစ္စည်းများကို ကြည့်ရှုလေ့လာခြင်း၊ စစ်ဆေးခြင်း၊ ပစ္စည်းရောင်းဝယ်ခြင်း နှင့် ကိုယ်ရေးအချက်အလက်များပြောင်းလဲခြင်း စသည့်လုပ်ရှားမှုများသည် လူကြီးမင်းတို့ကိုယ်တိုင် ပြုလုပ်သည်ဟု မှတ်ယူပါသည်။

(၃) လူကြီးမင်းတို့၏ dinidon အကောင့်သည် လူကြီးမင်းတို့တစ်ဦးတစ်ယောက်အတွက်သာဖြစ်ပါတယ်။ တခြားသောသူတစ်ယောက်ယောက်နဲ့ မျှဝေသုံးစွဲခြင်း၊ လွှဲပြောင်းပေးခြင်းများ ပြုလုပ်လို့မရပါ။ အကယ်စင်စစ် ဖောက်ဖျက်ခဲ့မည်ဟုဆိုပါက dinidon Online Shopping မှ လူကြီးမင်းတို့အား နောက်နှောင် ၀ယ်ယူသုံးစွဲခွင့် ပိတ်ပင်မည် ဖြစ်ပါသည်။
 
 (၄) လူကြီးမင်းတို့၏ dinidon အကောင့်ကို တခြားတတိယပုဂ္ဂိုလ်တဦးဦးအား ပေးသုံးမည်ဆိုပါက ထိုပုဂ္ဂိုလ်မှ dinidion Online Shopping ၀က်ဘ်ဆိုဒ်ပေါ် ပြုလုပ်သောအရာမှန်သမျှသည် လူကြီးမင်းနှင့်တတိယ ပုဂ္ဂိုလ်နဲ့သာ သက်ဆိုင်ပါသည်။

(၅)  dinidon Online Shopping စည်းမျဉ်းစည်းကမ်းများကို သင်သည် အပြည့်အ၀သိရှိနားလည်သဘောပေါက်ထားရပါမည်။လူကြီးမင်းတို့ကို ဆက်သွယ်နိုင်ရန် လိုအပ်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖြည့်စွက်ရန် လိုအပ်သည်။ အကယ်၍ လူကြီးမင်းသည် ပြည့်စုံစွာ ဖြည့်စွက်ထားခြင်းမရှိခဲ့သော်လည်းကောင်း (သို့မဟုတ်) မသက်ဆိုင်သည့် အချက်အလက်များ ဖြည့်စွက်ခဲ့သော်လည်းကောင်း dinidon Online Shopping ကို အသုံးပြုနိုင်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
 
(၆)  သင်၏ ကိုယ်ရေးအချက်အလက်များ (သို့မဟုတ်) စကားဝှက်ကို တစ်စုံတစ်ယောက်သည် သင့်အား သင့် ကိုယ်ရေးကိုယ်တာအချက်အလက်နှင့်ပတ်သက်ပြီး အလွဲသုံးစားပြုခံရခြင်း (သို့မဟုတ်) အခြားမည်သည့် ကိုယ်ရေးအချက်အလက် လုံခြုံရေး ပြဿနာဖြစ်ပေါ်လာသည့်အခါ သင်သည်ချက်ချင်း dinidon Online Shopping သို့အကြောင်းကြားရမည်။

 (၇)  dinidon Online Shopping ၏ပုဂ္ဂလိက ပိုင်ခွင့်၊ လူ့စာရိတ္တပိုင်ခွင့်၊ အမည်ပိုင်ခွင့်၊ လုပ်ငန်းလည်ပတ်လုပ်ကိုင်သည့် လျှိုဝှက်ပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်ပိုင်ခွင့်၊ လုပ်ငန်းလည်ပတ်လုပ်ကိုင်သည့် လျှိုဝှက်ပိုင်ခွင့်၊ စာအရေးအသားမူပိုင်ခွင့် စသည့် မူပိုင်ခွင့်အား ကျူးလွန်ထိခိုက်စေခြင်း။

 (၈)  dinidon Online Shopping သတ်မှတ်ချက်အပ၏ နည်းလမ်းများဖြင့် ဤ၀န်ဆောင်မှု၏ ငွေသားလဲလှယ်အသုံးပြုပိုင်ခွင့်၊ ဘဏ္ဍာပစ္စည်း သို့မဟုတ် အခြားသော စီးပွားရေး အကျိုးအမြတ်၏ အပြုအမူအသုံးပြုခြင်း။

 (၉)  dinidon Online Shopping ၏ အချက်အလက် သိုလှောင်ရုံ အကြောင်းအရာအား အလွဲသုံးစားပြုခြင်း။

(၁၀) အခြားသော dinidon Online Shopping အား ဝေဖန်သုံးသပ်ရာတွင် မဖြောင့်မတ်သည့် အပြုအမူ။


၂။  ကိုယ်ရေးအချက်အလက် ထိန်းသိမ်းကာကွယ်ခြင်း

(၁)  သင်နှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များကို ထိန်းသိမ်းကာကွယ်ရန်မှာ dinidon Online Shopping ၏ တာဝန်ဖြစ်သည်။
     
(၂) ကိုယ်ရေးအချက်အလက် ထိန်းသိမ်းကာကွယ်ခြင်းနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက (dinidon Online Shopping ပုဂ္ဂလိက ပိုင်ခွင့်မူဝါဒ) တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
 
 

၃။  ဉာဏ်ရည်မူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ခြင်း

(၁)  dinidon Online Shopping အကြောင်းအရာ အသီးသီးအား သင်သည် အပြည့်အ၀အကျွမ်းတ၀င် သိရှိနားလည်သဘောပေါက်ပြီးဖြစ်သည်။  ဥပမာ - စာအရေးအသား၊ ရုပ်ပုံဖိုင်၊ သတင်း၊ ကွန်ယက်ဒီဇိုင်း၊ ဓာတ်ပုံ စာပေအရေးအသားစသည်တို့ကို နားလည်လက်ခံကြောင်း မှတ်ယူပါသည်။  ထို့အပြင် ၀က်ဘ်ဆိုဒ်ပေါ်ရှိသည့် အကြောင်းအရာမှန်သမျှသည်    dinidon Online Shopping ၏ မူပိုင်ခွင့်ဖြစ်သည်။  
 
(၂)  သင်သည် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး အပြည့်အ၀အကျွမ်းတ၀င်သိရှိခြင်းနှင့် နားလည်သဘောပေါက်ပြီးဖြစ်သည်။ နံပါတ် (၁) အချက်တွင်ဖော်ပြသည့် အကြောင်းအရာများကို အသုံးမပြုရပါ။ ထိုအကြောင်းအရာများကို လွှဲပြောင်းပေးခြင်း၊ လှူဒါန်းခြင်း၊ အငှားချထားခြင်း၊ ချေးငှားခြင်း၊ ထပ်မံ၍ လုပ်ပိုင်ခွင့် ပေးအပ်ခြင်းစသည့် ဖောက်ဖျက်မှုများ ကျူးလွန်ပါက ဥပဒေအတိုင်း ဆောင်ရွက်မည် ဖြစ်ပါသည်။
     
(၃)  အကယ်၍ နံပါတ်(၁) အချက်ပါ အကြောင်းအရာများကို ဖောက်ဖျက်ခဲ့လျှင် dinidon Online Shopping သည်ဝန်ဆောင်မှုပေးခြင်း၊ ပံ့ပိုးပေးခြင်း (သို့မဟုတ်) သင်သည် အဖွဲ့ဝင် အဖြစ်မှ ငြင်းပယ်ခံရမည် ဖြစ်ပါသည်။ ဤသို့ ခံစားရသည့် ထိခိုက်ဆုံးရှုံးမှု၊ ကူးသန်းရောင်းဝယ်ရေး ဂုဏ်သတင်း ထိခိုက်မှုကို လျော်ကြေးအပါအ၀င်ဖြင့် တာဝန်ယူမှု ရှိရပါမည်။
 

၎။  လှုပ်ရှားမှု ပြောင်းလဲခြင်း၏ အကြောင်းကြားသည့်နည်းလမ်း

dinidon Online Shopping သည် ပကတိအတိုင်း လုပ်ကိုင်ဆောင်ရွက်သည့် အခြေအနေမှာ တိုးတက်လာခြင်း၊ ပြင်ဆင်ခြင်း (သို့မဟုတ်) သက်ဆိုင်ရာ လှုပ်ရှားမှု အဆုံးသတ်ရမည်။ အလွန်သင့်တော်သော နည်းလမ်းရွေးချယ်ပိုင်ခွင့် ရှိပြီး အဖွဲ့ဝင်များအား အကြောင်းကြားပိုင်ခွင့်ရှိသည်။
 
၅။   ဤအသုံးပြုသည့် စည်းကမ်းချက်၊ မည်သည့်သတ်မှတ်ချက်၏ အကျိုးသက်ရောက်မှုသင်သည်

ဤ အဖွဲ့ဝင် စည်းကမ်းချက်၏ မည်သည့် သတ်မှတ်ချက်အား သဘောတူညီမှုရှိပြီး ဖြစ်သည်။ အကယ်၍ တရားရေးဌာန၏ အကျိုးသက်ရောက်မှု မရှိကြောင်း ကြေညာခြင်း ခံရပါက အခြားသော သတ်မှတ်ချက်၏ အကျိုးသက် ရောက်မှုစွမ်းအားကို မထိခိုက်စေပါ။