Customer: ဘယ်လိုငွေပေးချေလို့ရမလဲ။
dinidon: KBZ ဘဏ် & CB ဘဏ် ၊ WeChat Pay ၊ AliPay ၊ OK$ dollar ၊ ပစ္စည်းရောက် ငွေချေစနစ် တွေကိုအသုံးပြုပြီး ငွေလွှဲလို့ရပါတယ်။
|
Customer: အော်ဒါမှာပြီးရင် ငွေဘယ်လိုပေးချေရမလဲ။
dinidon: အော်ဒါပြီးတဲ့အခါ လူကြီးမင်းတို့အီးမေးလ်ထဲကို အကြောင်းကြားစာရောက်လာပါလိမ့်မယ်။ အဲ့ဒီထဲမှာ လူကြီးမင်းတို့ကိုယ်တိုင် ရွေးထားတဲ့ ငွေပေးချေစနစ်ကို ဖော်ပြထားပါတယ်။
|
Customer: ကိုယ်အော်ဒါမှာထားတာတွေ ရ မရ ဘယ်လိုသိနိုင်မလဲ။
dinidon: အော်ဒါမှာထားတာ ရတယ်ဆိုရင် လူကြီးမင်းတို့ရဲ့ အီးမေးလ်ထဲကို အကြောင်းကြားစာ ရောက်ပါလိမ့်မယ်။ အကြောင်းကြားစာထဲမှာ အော်ဒါ ပစ္စည်းတွေရဲ့ အသေးစိတ်အချက်အလက်တွေ ပါဝင်မှာဖြစ်ပါတယ်။
|
Customer: ကျွန်တော်တို့ ငွေလွှဲပြီးကြောင်း ဘယ်လိုအသိပေးလို့ရမလဲ။
dinidon: ငွေလွှဲပြီးလျှင် ၀က်ဘ်ဆိုဒ်ထဲကနေ 【 Login 】၀င်ပါ။ ပြီးရင် 【 အော်ဒါအခြေအနေ စစ်ဆေးခြင်း 】 ထဲသို့ဝင်ပါ။ အဲ့ဒီထဲမှာ လူကြီးမင်းတို့ ပစ္စည်းမှာတဲ့ရက်စွဲတွေပေါ်လာပါလိမ့်မယ်။ ရက်စွဲနဲ့ တစ်တန်းထဲမှာ မှတ်ချက်နေရာရှိပါတယ်။ အဲ့ဒီထဲမှာ ကျေးဇူးပြု၍ လူကြီးမင်းရဲ့ ဖုန်းနံပါတ်ချန်ခဲ့ပါ။ ပြီးရင် "အတည်ပြုမည်" လုပ်လိုက်ပါ။ အကယ်၍ dinidon ရဲ့ Social Medias ကိုဆက်သွယ်မည်ဆိုလျှင် အော်ဒါကုတ်နံပါတ်နှင့်တကွ ဆက်သွယ်ပေးပါရန်။ အဲ့ဒါတွေလုပ်ပြီးရင်တော့ လူကြီးမင်း မှာထားတဲ့ပစ္စည်းတွေနဲ့ ဈေးနှုန်း ငွေပေးချေပြီးကြောင်းကိုလူကြီးမင်းရဲ့ အီးမေးလ်မှာ မက်ဆေ့ခ်ျဝင်လာပါမယ်။

|
Customer: ငွေပေးချေပြီးရင် ပစ္စည်းရောက်လာဖို့ ဘယ်လောက်စောင့်ရမလဲ။
dinidon: လူကြီးမင်းတို့ဆီမှ ကျသင့်ငွေကိုရရှိပြီးသည့်အချိန်တွင် ကျွန်တော်တို့ဘက်မှ အချိန်အတိုနိုင်ဆုံးအတွင်း ပစ္စည်းပို့ပေးပါမည်။ dinidon မှ လူကြီးမင်းတို့လက်ထဲသို့ ပစ္စည်းရောက်ဖို့ရန် ပစ္စည်းအမျိုးအစားအပေါ်မူတည်၍ ၂ ရက်မှ ၇ ရက်အတွင်းကြာမြင့်မှာဖြစ်ပါသည်။
|